နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇) ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုဖွင့်လှစ်

       (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်တွင် အဆိုပါ ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားကို အစီအစဉ်အတိုင်းကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇) ထပ် ကုသဆောင်သစ်အား  စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး (၇) ထပ် ကုသဆောင်သစ်အတွင်းရှိ ဓာတ်မှန်နှင့် ပုံရိပ်ဖော် နည်းပညာဌာန၊ ဓာတ်ခွဲခန်းများ၊ သွေးရောဂါကုသဆောင်များနှင့် ဆေးကုသဆောင်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇) ထပ် ကုသဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် မူဝါဒများချမှတ်ကာ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို ရည်မှန်းချက်ထားပြီး အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့ချိန်မှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင်ရှိသည့် ဆေးရုံကြီးများတွင် ကုသဆောင်သစ်များ တိုးချဲ့ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
  • နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်သဖြင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လိုပါကြောင်း။
  • ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇) ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ခုတင်(၂၀၀၀)ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုးတက်များပြားလာသည့်လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုကို ပြည်သူ များ ရရှိခံစားနိုင်စေရန်အတွက် ထပ်မံဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
  • ယခု(၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်ရည်ရွယ်၍ ဆေးရုံဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစ်စိုက်မတ်မတ် ဆက်လက်တည်ဆောက်ပေးခဲ့သည့်အတွက် ယနေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဆေးပညာ ရှင်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁-၂၀၂၄)

 

  • (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး () ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  တက်ရောက်ဖွင့်လှစ်ပေးခဲ့။
  • နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက်ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောက်အယှက်များ၊ အခက်အခဲများရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်သဖြင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင်ဆောင်ရွက်ကြရန်လို။
  • () ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ခုတင်(၂၀၀၀) ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုးတက်များပြားလာသည့်လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုကို ပြည်သူများ ရရှိခံစားနိုင် စေရန်အတွက် ထပ်မံဆောက်လုပ်ပေးခဲ့ခြင်းဖြစ်။

Add new comment