နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်

         သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် များမှ အားကစားအဖွဲ့ ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ်၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင်−

  • ယခုကျင်းပပြုလုပ်သည့် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကဏ္ဍသာမက ကိုယ်ကာယကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ အချင်းချင်းစည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် အရည်အချင်းပြည့်ဝသည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း။
  • နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ များစွာရှိရန် လိုအပ်ကြောင်း။
  • တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်၌ ကိုယ်လက်ကြံ့ခိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းဖြေအနားယူစဉ် မိမိဝါသနာပါသည့် အားကစားနည်းများကို လေ့ကျင့်ကစားစေနိုင်ရန်အတွက် ဘောလုံးကွင်းများ၊ မိုးလုံလေလုံအားကစားရုံများ၊ အားကစားနည်းအလိုက် လိုအပ်သည့် အားကစားကွင်းများ၊ အားကစားအသုံးအဆောင်ပစ္စည်းများကို နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ်တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိကြောင်း။
  • လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို အစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
  • ယခုကဲ့သို့ ပြိုင်ပွဲများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ မလွဲမသွေ ပေါ်ထွက်လာမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ မျိုးဆက်သစ်အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများ၊ အေရိုးဗစ်အက၊ Zumba အက၊ ဝူရှူးနှင့် တိုက်ကွမ်ဒိုအားကစားနည်းတို့ဖြင့် သီဆို သရုပ်ပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁ -၂၀၂၄)

 

  • တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်၌ ကိုယ်လက်ကြံ့ခိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းဖြေအနားယူစဉ် မိမိဝါသနာပါသည့် အားကစားနည်းများကို လေ့ကျင့်ကစားစေနိုင်ရန်အတွက် ဘောလုံးကွင်းများ၊ မိုးလုံလေလုံအားကစားရုံများ၊ အားကစားနည်းအလိုက် လိုအပ်သည့် အားကစားကွင်းများ၊ အားကစားအသုံးအဆောင်ပစ္စည်းများကို နှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ်တက္ကသိုလ်တွင်း အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိ။
  • လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို အစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလို။
  • ယခုကဲ့သို့ ပြိုင်ပွဲများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ မလွဲမသွေ ပေါ်ထွက်လာမည်ဟု အပြည့်အဝယုံကြည်။

Add new comment