ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင် လ ၂၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံး ချုပ် တရားသူကြီးချုပ်တို့သည် နှစ်နိုင်ငံအကြား တရားစီရင်ရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ Charge d’ Affaires a.i./ Counsellor Mr. Pavel Klabukov ၊ The Fourth Court of Cassation of General Jurisdiction ဥက္ကဋ္ဌ Mr. Aleksei Shishkin၊ The Fourth Court of Appeal of General Jurisdiction ဥက္ကဋ္ဌ Mr. Magsomed Magomedov နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၃)

 

  • ပြည်ထောင်စုတရားသူကြီးချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား တရားစီရင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment