ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

        ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် H.E. Mr . Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေ ခရီးစဉ်အဖြစ် ဇူလိုင်လ ၂၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော် လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ကျောက်စာရုံ စေတီများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

ဇူလိုင်လ ၂၄ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်းရှိ ကျောက်စိမ်းရုပ်ပွားတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေ ချမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဇူလိုင်လ ၂၅ ရက်တွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာပြီး ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲလက်ဝတ်ရတနာများနှင့် သယံဇာတပစ္စည်းများကို ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရှိရပါသည်။

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၃)

 

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိ၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့၊ မြန်မာ့ ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာခဲ့။

Add new comment