ကမ္ဘောဒီးယားနိုင်ငံ (၇) ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်လေ့လာခဲ့

ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ  ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ (၇) ကြိမ်မြောက်  အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား  သွားရောက်လေ့လာသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

လေ့လာရေးခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည်-

  • ဇူလိုင် ၂၂ ရက်တွင် ကျင်းပသည့်   နိုင်ငံတကာရွေးကောက်ပွဲ လေ့လာသူများအား လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည့်ဆွေးနွေးပွဲသို့  တက်ရောက်ခဲ့ ပြီး ဖနွမ်းပင်မြို့နှင့် ကန်ဒယ်ပြည်နယ်တို့ရှိ စာသင်ကျောင်းများ၌ ဖွင့်လှစ်ထားသည့် မဲရုံပြင်ဆင်နေမှုများ၊ မဲရုံဖွင့်လှစ်နေမှုများ၊ မဲပေးနေမှုအခြေအနေများ၊
  • ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ၊ မဲရုံများဖွင့်လှစ်ထားရှိမှုနှင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များနှင့် ထင်ရှားသောနေရာများကို သွားရောက်လေ့လာခဲ့။

ကမ္ဘောဒီးယားနိုင်ငံသို့ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာရွေးကောက် ပွဲကော်မရှင်များမှ လေ့လာရေးအဖွဲ့များလည်း လာရောက်လေ့လာခဲ့ကြကြောင်း   သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် ကမ္ဘော ဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ၊ မဲရုံများဖွင့်လှစ်ထားရှိမှုနှင့်မဲပေးခြင်း၊ မဲရေ တွက်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်လေ့လာခဲ့။

 

Add new comment