ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)ရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၂၅ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အကြား လက်မှတ်ရေးထိုးမည့် သဘောတူညီချက်စာလွှာတွင် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများစီစဉ်ဆောင်ရွက်နိုင်ရေးနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသ များတွင် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၇-၂၀၂၃)

 

  • တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အကြား လက်မှတ်ရေးထိုးမည့် သဘောတူညီချက်စာလွှာတွင် ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများတွင် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ကို ဆွေးနွေးခဲ့။

Add new comment