နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၇ ရက်အထိ သုံးလကျော်ကာလအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁,၂၇၆ ဒသမ ၅၃၂ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၅၅၉ ဒသမ ၀၉၂ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁,၈၃၅ ဒသမ ၆၂၄ သန်းရှိခဲ့။
-
ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁,၄၁၅ ဒသမ ၃၆၄ သန်းရရှိခဲ့သည့်အတွက် ယခုနှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၀ ဒသမ ၂၆ သန်းပိုမို ရရှိခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ သုံးလကျော်ကာလ အတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၄၂၀,၁၂၂ ဒသမ ၁၄၁ တန်နှင့် နယ်စပ်မှ ၇၁,၉၃၇ ဒသမ ၄၇၉ တန် စုစုပေါင်း ၄၉၂,၀၅၉ ဒသမ ၆၂ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၈၉ ဒသမ ၈၂ သန်းရရှိခဲ့။
-
ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ကြိမ်အချောထည်ပစ္စည်း ၂၇၅,၅၈၄ ခုနှင့် ကြိမ်အလုံးရေ ၁၄၁,၀၀၀ ကျော်တင်ပို့ထား။
-
ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ဝါးအခြမ်းပေါင်း ၁ ဒသမ ၉၉၄ သန်းကျော်၊ ဝါးအလုံးပေါင်း ၄,၀၀၀ နှင့် ဝါးဖျာအချပ်ရေ ၁၈,၀၀၀ ကို တင်ပို့ နိုင်ခဲ့။
အဆိုပါ ကြိမ်၊ ဝါးကုန်ကြမ်းများနှင့် အချောထည်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၃)
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၇ ရက်အထိ သုံးလကျော်ကာလအတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁,၈၃၅ ဒသမ ၆၂၄ သန်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၂၀ ဒသမ ၂၆ သန်းပိုမို ရရှိခဲ့။
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ သုံးလကျော်ကာလ အတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း ၄၉၂,၀၅၉ ဒသမ ၆၂ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၈၉ ဒသမ ၈၂ သန်းရရှိခဲ့။
-
ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ကြိမ်အချောထည်ပစ္စည်း ၂၇၅,၅၈၄ ခုနှင့် ကြိမ်အလုံးရေ ၁၄၁,၀၀၀ ကျော်တင်ပို့ထား။
-
ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ဝါးအခြမ်းပေါင်း ၁ ဒသမ ၉၉၄ သန်းကျော်၊ ဝါးအလုံးပေါင်း ၄,၀၀၀ နှင့် ဝါးဖျာအချပ်ရေ ၁၈,၀၀၀ ကို တင်ပို့နိုင်ခဲ့။
Add new comment