ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့်သံလမ်းထိန်းကလစ်များ ဖြုတ်ယူ ဖျက်ဆီးမှုကြောင့် မန္တလေး-ရန်ကုန်ရထားလမ်းပိုင်းအတွင်း မြစ်ငယ်မှ ရွာသာကြီးခရီးစဉ်ပြေးဆွဲသော ကုန်ရထားလမ်းချော်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ ရွာသာကြီးခရီးစဉ် ထွက်ခွာမည့် အမှတ်(၉၂၄) အစုန်ကုန်ရထားသည် ပုလိပ်ဘူတာမှ ဇူလိုင်လ ၂၃  ရက်တွင် ထွက်ခွါလာပြီး စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာအကြား မိုင်တိုင် အမှတ်(၃၇၂/၃-၃၇၁/၂၄) အရောက် ရထားတွဲဆိုင်းပါ စက်ခေါင်းနောက် ၁၈ တွဲမြောက် မှ ၂၂ တွဲမြောက်အထိ ကုန်အပြည့် တင်ဆောင်ထားသည့် ကွန်တိန်နာတွဲ(၅)တွဲသည် သံလမ်းများပြုတ်ထွက်၍ လမ်းချော်ကျမှုဖြစ်ပွားခဲ့ပါသည်။ 

ဖြစ်စဉ်မှာ မသမာသူများက ယုတ်မာပက်စက်သောအကြံဖြင့် အဆိုပါလမ်းပိုင်း၌ ရထားသံလမ်းဆက်ပြား (၈)စုံနှင့် သံလမ်းဆက် မူလီ(Bolt &Nut) (၃၂)လုံးကို ဘယ်ညာနှင့်ရှေ့နောက် တစ်ဆက်တည်း အစုံလိုက် ဖြုတ်ယူဖျက်ဆီးခဲ့မှုကြောင့် သံလမ်းအဆက်လိုက် ပြုတ်ထွက် လမ်းချော်ကျခဲ့ ရခြင်းဖြစ်ပါသည်။ ရထားလမ်းပျက်စီးမှုကို ညတွင်းချင်းပြန်လည်ပြုပြင်ခဲ့ပြီး လမ်းပိုင်းအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ 

အဆိုပါလုပ်ရပ်သည် ရထားစီးခရီးသွားပြည်သူများကို ထိခိုက်သေဆုံးနိုင်ပြီး ကုန်စည် ပို့ဆောင်မှုကိုပါ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားစွာ ကြုံတွေ့ရနိုင်သည့်အပြင် စက်ဆုပ် ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မသမာသူ များ၏လုပ်ရပ်ကိုတွေ့ရှိပါက သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားသွားရန်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၃)

 

  • ရထားသံလမ်းဆက်ပြား၊ သံလမ်းဆက်မူလီများနှင့်သံလမ်းထိန်းကလစ်များ ဖြုတ် ယူဖျက်ဆီးမှုကြောင့် မန္တလေး-ရန်ကုန် ရထားလမ်းပိုင်းအတွင်း မြစ်ငယ်မှ ရွာသာကြီးခရီးစဉ်ပြေးဆွဲသော ကုန်ရထားလမ်းချော်မှုဖြစ်ပွားခဲ့။

  • မသမာသူများက ယုတ်မာပက်စက်သောအကြံဖြင့် အဆိုပါလမ်းပိုင်း၌ ရထားသံလမ်းဆက်ပြား (၈)စုံနှင့် သံလမ်းဆက် မူလီ (Bolt &Nut) (၃၂)လုံးကို ဘယ်ညာနှင့် ရှေ့ နောက်တစ်ဆက်တည်း အစုံလိုက် ဖြုတ်ယူဖျက်ဆီးခဲ့မှုကြောင့် သံလမ်းအဆက် လိုက် ပြုတ်ထွက်လမ်းချော်ကျခဲ့ရခြင်းဖြစ်။

  • ရထားလမ်းပျက်စီးမှုကို ညတွင်းချင်းပြန်လည်ပြုပြင်ခဲ့ပြီး လမ်းပိုင်းအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့။

Add new comment