မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းညီလာခံခန်းမ၌ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၊ ကျိလင်မြို့ ပြည်သူ့အစိုးရ ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံစီးပွားရေးလုပ် ငန်းရှင်များနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်နှင့် ကျိလင်မြို့ ပြည်ပဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး Mr.Lyu Ji Quan တို့က ကျိလင်မြို့နှင့် ကျောက်ဖြူမြို့ မောင်နှစ်မမြို့အဖြစ် တည်ဆောက်နိုင်ရေး ကြိုတင်ညှိနှိုင်းခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၇-၂၀၂၃)
|
Add new comment