တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော ဘီးလင်းမြို့နှင့် သိမ် ဇရပ်မြို့တို့တွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦ၊ လူနေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ဟူသည့်သတင်းများသည် လုပ်ကြံသတင်းအမှားများဖြစ်ပြီး သတင်းအမှန် များမှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက် သမားများက လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်း ထိမှန်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများကို တပ်မတော်က ရွာထဲမှ မောင်းထုတ်နေပြီး ထွက်ခွာခြင်းမရှိသူများအား ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ဟူသောသတင်းသည် မဟုတ်မမှန်သည့် သတင်းအတုသာဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါရွာများတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ပြည်သူများအား ရွာများမှ ထွက်ခွာ ခိုင်းခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဘီးလင်းမြို့နယ်၊ တက်တူ ကုန်းကျေးရွာထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါ မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော ထားဝယ်မြို့၊ မောင် မယ်ကျေးရွာအနီး တပ်မတော်အနေဖြင့် အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ် ပွားခဲ့ပြီး ဒေသခံပြည်သူများ ဖမ်းဆီးခြင်းခံခဲ့ရဟူသည့်သတင်းသည် သတင်းအမှား ဖြစ်ပြီး သတင်းအမှန်မှာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဒေသခံပြည်သူများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် DVB TV News နှင့် Khit Thit တို့မှ တင်ထား သော မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး တပ်မတော်မှ အဆိုပါ ကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Myanmar Pressphoto Agency မှ တင်ထားသော မိုးမိတ်မြို့သို့ တပ်မတော်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် မြို့မဈေးတစ်ခုလုံး မီးလောင်ခဲ့ ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်း ဖက်သမားများက မိုးမိတ်မြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁-၂၀၂၄)
- ဘီးလင်းမြို့နှင့် သိမ်ဇရပ်မြို့တို့တွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် ပြည်သူများ ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦ၊ လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းများသည် လုပ်ကြံသတင်းအမှားများဖြစ်။
- အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများကို တပ်မတော်က ရွာထဲမှ မောင်းထုတ်နေပြီး ထွက်ခွာခြင်းမရှိသူများအား ပစ်သတ် မည်ဟု ခြိမ်းခြောက်ခဲ့ဟူသောသတင်းသည် မဟုတ်မမှန်သည့် သတင်းအတု သာဖြစ်။
- ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာထဲသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအတုဖြစ်။
- ထားဝယ်မြို့၊ မောင်မယ်ကျေးရွာအနီး တပ်မတော်အနေဖြင့် အကြမ်းဖက်သမား များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ ဖမ်းဆီးခြင်းခံခဲ့ရဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဒေသခံပြည် သူများအား ဖမ်းဆီးခဲ့ခြင်းမရှိ။
- မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
- မိုးမိတ်မြို့သို့ တပ်မတော်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် မြို့မဈေးတစ်ခုလုံး မီးလောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
Add new comment