Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

          Naypyitaw State Academy ၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်တွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက-

  • Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကိုအားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြား သင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူရာတက္ကသိုလ်တစ်ခုကို တည်ထောင် ဖွင့်လှစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပါကြောင်း။
  • Naypyitaw State Academy ကို ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် Comprehensive University အနေဖြင့် ရည်မှန်းထားခြင်းဖြစ်သည့်အတွက် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ အားကစားပညာမဟာဌာန၊ လူမှုရေးပညာမဟာ ဌာနဟူ၍ မဟာဌာနကြီး ၇ ခုဖြင့် ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်ရန် စီစဉ်ထားပါကြောင်း။
  • ယခုပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာ ဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးပညာမဟာဌာနဟူ၍ မဟာဌာန ၅ ခုကို ဖွင့်လှစ်ထားပြီး ပထမနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူးတန်းပထမနှစ်၊ ဂုဏ်ထူးတန်း ဒုတိယနှစ်သင်တန်းများတွင် ကျောင်းသား ကျောင်းသူများကို လက်ခံသင်ကြားပေးလျက်ရှိပါကြောင်း။
  • လာမည့် ပညာသင်နှစ်တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန များကို တိုးချဲ့ဖွင့်လှစ်ပြီး အားကစားပညာနှင့် လူမှုရေးပညာအထူးပြုဘာသာ ရပ်များကို ထပ်မံဖွင့်လှစ်သင်ကြား ပေးရန်စီစဉ်ထားရှိပါကြောင်း။
  • ထို့ပြင် မကြာမီအချိန်ကာလအတွင်း ဒီပလိုမာဘွဲ့သင်တန်း၊ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
  • လာမည့်ပညာသင်နှစ်တွင် ပထမနှစ်သင်တန်းမှ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်းများအထိ အတန်းစုံအောင် ဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ Naypyitaw State Academy ၏ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၄)

 

  • Naypyitaw State Academy ကို မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကိုအားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြား သင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူရာတက္ကသိုလ်တစ်ခုကို တည်ထောင် ဖွင့်လှစ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့။
  • Naypyitaw State Academy ကို မဟာဌာနကြီး ၇ ခုဖြင့် ဖွဲ့စည်းတည်ထောင်ဖွင့်လှစ်ရန် စီစဉ်ထားရှိပြီး ယခုပညာသင်နှစ်တွင် မဟာဌာန ၅ ခုကို ဖွင့်လှစ်၍ သင်ကြားပေး လျက်ရှိ။
  • လာမည့်ပညာသင်နှစ်တွင် ပထမနှစ်သင်တန်းမှ မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်းများအထိ အတန်းစုံအောင် ဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်။

Add new comment