ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိ

         မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင် ပိုင်း)၌လည်းကောင်း မူးယစ်ဆေးဝါးဖမ်းဆီးမှုများကို အလေးထားဆောင်ရွက်ခဲ့ရာ-

  • မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက် တော်ဝင်လမ်းပေါ်ရှိ မော်တော်ယာဉ် ၁ စီးအား သတင်းရရှိ၍ ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါသူများဖြစ်သည့် သန်းစိုး၊ မောင် ရွှေသန်း(ခ)ကျော်သန်းတို့အပါအဝင် ၈ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ဖမ်းဆီးရမိခဲ့။
  • တရားခံများ၏ စိစစ်ဖော်ထုတ်ချက်များအရ မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိ နေအိမ်မှ မစောခင်ကျော် (ခ) စောခင်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၆ သိန်းနှင့် ဖမ်းဆီးရမိတရားခံ သန်းစိုး ဌားရမ်းနေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃.၉ သိန်းအားလည်းကောင်း။
  • သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း (၃) ခေမာသီလမ်းသွယ် (၂) ရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van မော်တော်ယာဉ် ၁ စီးအားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့။
  • အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိဖြစ်စဉ်မှ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁.၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄.၉ သိန်းသိမ်းဆည်းရမိခဲ့ပြီး မောင်ရွှေသန်း (ခ) ကျော်သန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော် ကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀.၄ သိန်းဖမ်းဆီးရမိမှုတို့မှ အဓိကကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်ကြောင်း။
  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ထင်းကွင်းကျေးရွာအနီး အင်တော ဘက်မှ ရပ်စောက်ဘက်သို့ မောင်းနှင်လာသော Hilux(လိုင်စင်မဲ့) ယာဉ်နှင့် Canter (လိုင်စင်မဲ့)ယာဉ်ပေါ်မှ မီးသွေးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ငွေကျပ်တန်ဖိုး ၁၂.၅ ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ သိန်းအား တရားခံ ၄ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများကို လက်ခံသည့် ရွှေညောင် မြို့ရှိ စိုက်ပျိုးရေးနှင့် ပရိဘောဂဆိုင်ပိုင်ရှင်ဖြစ်သူ ရဲထွဋ် (ခ) အောင်ကျော်မျိုးကို ဖမ်းဆီးရမိခဲ့။

တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၄)

 

  • မရမ်းကုန်းမြို့နယ်အတွင်းမှ စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် .၄၉ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄. သိန်းအား တရားခံ ဦးနှင့်လည်းကောင်း၊ ရပ်စောက်မြို့နယ်အတွင်းမှ ငွေကျပ်တန်ဖိုး ၁၂. ဘီလီယံ ခန့်တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား ၂၅၀ သိန်းအား တရားခံ ဦးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့။

 

Add new comment