နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံ အမှာ စကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်လေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်ဧည့်ခန်းမ ဆောင်၌ တာဝန်ရှိသူများက လေဆိပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က-
- ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း။
- လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင် ရွက်သွားကြရန်လိုပြီး လုပ်ငန်းအဆင့်အလိုက် အမြန်ဆုံးအကောင်အထည်ဖော် နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါ သည်။
တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ပုသိမ်-ချောင်းသာနှင့် ပုသိမ်-ငွေဆောင်တို့အားဆက်သွယ်ထားရှိသည့် လမ်းကြောင်းများပေါ်ရှိ ဘေလီ တံတား နှစ်စင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု များ ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ပုသိမ်မြို့အဝင်၌ အဆင့်မြင့်ကုန်စည် ကားဝင်းတစ်ခု ဆောင်ရွက်ပေးစေလိုမှု၊ ရန်ကုန်-ပုသိမ်ကားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြကြခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာတွင်-
- ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ရေခံမြေခံကောင်းနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိကြောင်း။
- မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှု လယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများ သည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း။
- ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည် ပြည်ပ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့်လုပ်ငန်းများအား အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင် မည့် ဒေသတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း။
- ဒီရေတောများသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့်ဒေသအတွင်းဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုး ထားရှိရန်လိုကြောင်းနှင့် သစ်၊ ဝါး၊ ကြိမ် တို့ကို အောင်မြင်အောင် အားပေး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီးနောက် ပုသိမ်မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်း များနှင့် တံတားများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှု ဆိပ်ကမ်းနှင့် စက်မှုဇုန်များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁ -၂၀၂၄)
- မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှု လယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အထွက်နှုန်းများသည် လည်း တိုးတက်လာမည်ဖြစ်။
- ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည် ပြည်ပ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့်လုပ်ငန်းများအား အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင် မည့် ဒေသတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြစေလို။
Add new comment