နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ဇန်နဝါရီလ ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးပြောကြားရာတွင်-

  • ပုသိမ်တက္ကသိုလ်သည် သက်တမ်း ၆၅ နှစ်ရှိပြီဖြစ်သည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်ကြားမှုပိုင်းဆိုင်ရာများတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့နှင့် ရင်ပေါင်တန်းနိုင်ရမည်ဖြစ်ကြောင်း၊
  • တက္ကသိုလ်ပညာရပ်သည် စာပေပညာကိုသာမက လူမှုအသိုင်းအဝိုင်းတစ်ခုနှင့် ပေါင်းသင်းဆက်ဆံရေးတို့ကိုပါ သင်ကြားပေးလိုက်ခြင်းဖြစ်ကြောင်း၊
  • ယနေ့ခေတ်သည် ဒီမိုကရေစီခေတ်ဖြစ်သဖြင့် ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေနှင့်စည်းကမ်းကို သိရှိလိုက်နာရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိအမြင်ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊
  • အနာဂတ်တွင် နိုင်ငံကိုဦးဆောင်ကြမည့် လူသားအရင်းအမြစ်များအနေဖြင့် ဥပဒေ ပညာရပ်ကို နားလည်သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကို သင်ကြားပေးလျက်ရှိကြောင်း၊
  • စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များ ရှိစေရေးအတွက်လည်း စီးပွားရေး အခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် သိပ္ပံဘာသာရပ် တတ်ကျွမ်းနားလည်သူများအပြင် ကဏ္ဍတစ်ခုအနေ ဖြင့် မရှိမဖြစ်လိုအပ်သည့် အတွေးအခေါ်ပညာရှင်ကောင်းများ ပေါ်ထွက်လာစေ ရေးအတွက်လည်း တွေးခေါ်မျှော်မြင်မှုဆိုင်ရာ ဝိဇ္ဇာပညာရပ်ဆိုင်ရာ သင်ကြားမှု များကိုလည်း အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း။
  • တက္ကသိုလ်ဟူသည်မှာ လေ့လာဖတ်မှတ်ခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ်သည့် အတွက် တက္ကသိုလ်စာကြည့်တိုက်နှင့်ပတ်သက်၍ နယ်ပယ်အစုံမှ စာအုပ်စာပေ များစုံလင်မှု ရှိရမည်ဖြစ်ကြောင်း၊
  • မိမိအနေဖြင့်လည်း ပညာရေးကို ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိပြီး ပညာရပ်ပိုင်းဆိုင်ရာ ချီးမြှင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရအ တွက်ဟူသည်ထက် နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ရန်လိုကြောင်း၊
  • အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ယာယီတာဝန်ယူခြင်းသာ ဖြစ်ပြီး ဆရာ၊ ဆရာမများ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့တာဝန်များကို အမြဲတမ်း တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒကို အကောင်အထည်ဖော်၍ နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း များသည် မိမိတို့၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ နိုင်ငံကို ကောင်းအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်စာကြည့်တိုက်အတွင်းနှင့် တက္ကသိုလ်အတွင်း လှည့်လည် ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၁-၂၀၂၄)

 

  • အနာဂတ်တွင် နိုင်ငံကိုဦးဆောင်ကြမည့် လူသားအရင်းအမြစ်များအနေဖြင့် ဥပဒေ ပညာရပ်ကို နားလည်သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကို သင်ကြားပေးလျက်ရှိ။
  • အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ယာယီတာဝန်ယူခြင်းသာ ဖြစ်ပြီး ဆရာ၊ ဆရာမများ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့တာဝန်များကို အမြဲတမ်း တာဝန်ထမ်းဆောင်နေခြင်းဖြစ်။
  • အစိုးရတစ်ရပ်သည် ၎င်းတို့၏ မူဝါဒကို အကောင်အထည်ဖော်၍ နိုင်ငံကောင်း အောင်ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ တာဝန်ကို ကျေပွန် စွာထမ်းဆောင်၍ နိုင်ငံကို ကောင်းအောင်ဆောင်ရွက်ရခြင်းဖြစ်။

 

Add new comment