ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုများအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကန့်ကွက်ရှုတ်ချပွဲများပြုလုပ်

         သောင်းကျန်းသူများနှင့် အကြမ်းဖက်သမားများသည် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးစော်ကားနေမှုများအပေါ် ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၁၈ ရက်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် လူဦးရေ ၁,၃၀၀ ဦးနှင့် ဗန်းမော်မြို့တွင် လူဦးရေ ၇၀၀ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် လူဦးရေ ၁,၃၅၀ ဦးနှင့် ကွန်ဟိန်းမြို့တွင် လူဦးရေ ၇၀၀ ဦးတို့ဖြင့် အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲများတွင် သံဃာတော်များနှင့် မျိုးချစ်ပြည်သူဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောခဲ့ပြီးနောက် တက်ရောက်လာကြသူများက “စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက် သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ)၊ လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးထောက်ခံသူများအား (ဆန့်ကျင်ကြ)၊  သာသနာဖျက်အကြမ်းဖက်သမားများအား (အလိုမရှိ)” ဟူသော ကြွေးကြော် သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁-၂၀၂၄)

 

  • ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးစော်ကားနေမှုများအပေါ် ကန့်ကွက်ရှုတ်ချပွဲများကို တနိုင်းမြို့၊ ဗန်းမော်မြို့၊ မိုင်းရှူးမြို့နှင့် ကွန်ဟိန်းမြို့များတွင် ပြုလုပ်ခဲ့။
  • အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများကစေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာ ဖျက်များအား (ဆန့်ကျင်ကြ) လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ) အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးထောက်ခံသူများအား (ဆန့်ကျင်ကြ)” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့။

Add new comment