ငွေဆောင်ကမ်းခြေသို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် လေးသိန်းကျော်ဝင်ရောက်ခဲ့

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေသို့ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီလတွင် ၄၄,၄၉၇ ဦး၊ ဖေဖော်ဝါရီလတွင် ၃၃,၄၂၀ ဦး၊ မတ်လတွင် ၅၅,၇၅၀ ဦး၊ ဧပြီလတွင် ၅၉,၉၀၆ ဦး၊ မေလတွင် ၃၄,၇၉၂ ဦး၊ ဇွန်လတွင် ၁၇,၅၃၂ ဦး၊ ဇူလိုင်လတွင် ၁၄,၀၄၁ ဦး၊ ဩဂုတ်လတွင် ၁၂,၅၄၇ ဦး၊ စက်တင်ဘာလတွင် ၁၈,၉၂၀ ဦး၊ အောက်တိုဘာလတွင် ၃၇,၆၃၉ ဦး၊ နိုဝင်ဘာလတွင် ၃၇,၁၈၂ ဦး၊ ဒီဇင်ဘာလတွင် ၄၂,၁၁၀ ဦး၊ စုစုပေါင်း ၄၀၈,၃၃၆ ဦးဝင်ရောက်ခဲ့ပါသည်။

ငွေဆောင်ကမ်းခြေသည် မြန်မာနိုင်ငံရှိ အကောင်းဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ နှစ်သက်သဘောကျသည့် ကမ်းခြေတစ်ခုဖြစ်ပြီး မနီးမဝေးတွင် ငှက်ကျွန်း၊ လိပ်ကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်းတို့ရှိပါသည်။ ငှက်ကျွန်းတွင် ဇီဝဇိုးငှက်များ နေထိုင်ကျက်စားလေ့ရှိကြောင်းနှင့် ချစ်သူများကျွန်းတွင် နေဝင်ဆည်းဆာအလှကို ကြည့်ရှုနိုင်ခြင်း၊ ရေကူးခြင်း၊ ရေငုပ်ခြင်းနှင့် ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁-၂၀၂၄)

 

  • ၂၀၂၃ ခုနှစ်အတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ၄၀၈,၃၃၆ ဦးဝင်ရောက်ခဲ့။
  • ငွေဆောင်ကမ်းခြေသည် မြန်မာနိုင်ငံရှိ အကောင်းဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ နှစ်သက်သဘောကျသည့် ကမ်းခြေတစ်ခုဖြစ်။

Add new comment