ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် မန္တလေးတိုင်းဒေသကြီးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် Myanmar Electronic Voting Machine (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေးလုပ်ငန်းများကို နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများဖြင့် ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • ဇန်နဝါရီလ ၁၅ ရက်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ မဲဆန္ဒရှင် ၄၈၂ ဦး၊
  • ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တွင် အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ မဲဆန္ဒရှင်ပြည်သူ ၁,၇၂၀ ဦးက စမ်းသပ်မဲပေးခဲ့။

ထိုသို့ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁-၂၀၂၄)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၅ ရက်မှ ၁၇ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မဲဆန္ဒရှင် ပြည်သူ ,၂၀၂ ဦးက စမ်းသပ်မဲပေးခဲ့။

Add new comment