ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        ကျောက်ဖြူအထူးစီးပွား‌ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများ Implementation Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ချိန် အတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက Online၊ Offline ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁-၂၀၂၄)

 

  • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားခဲ့။

 

Add new comment