တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်တို့ရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ဟူသည့် သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါမြို့၊ ရွာများအနီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို AA သောင်းကျန်းသူများက လက်နက် ကြီးများနှင့် Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော နွားထိုးကြီးမြို့ရှိ ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးအား PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ ဦးဒဏ်ရာရရှိခဲ့ဟူ သည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက နွားထိုးကြီးမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့ဆောက်လုပ်ရေးဝင်းနှင့် အထက(မြို့မ) စာသင်ကျောင်းကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့။
  • တရားမဝင်မီဒီယာ Than Lwin Times မှ တင်ထားသော သထုံမြို့နယ်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၄၀၀ နီးပါး တိမ်းရှောင်နေရဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး အဆိုပါမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ ၎င်းလက်နက်ကြီးကျည်အချို့သည် ကျေးရွာများအတွင်း ကျရောက်ပေါက် ကွဲခဲ့သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်း သာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၁-၂၀၂၄)

 

  • မြောက်ဦး၊ ဘူးသီးတောင်နှင့် ပေါက်တောမြို့နယ်တို့ရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းအမှားဖြစ်။
  • နွားထိုးကြီးမြို့ရှိ ရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးအား PDF အကြမ်းဖက်သမား များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ပစ် ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကလေး ၁ ဦးဒဏ်ရာရရှိခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်။
  • သထုံမြို့နယ်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူ ၄၀၀ နီးပါး တိမ်းရှောင်နေရဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များသည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သော ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ။

Add new comment