တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စုရှိ တောင်ခမောက်ကျေးရွာနှင့် မအူကွင်းကျေးရွာတို့ကို ပြည်သူ့စစ်ဖွဲ့ရန် ငြင်းပယ်မှု၊ တပ်သားသစ်စုဆောင်းမပေးမှုတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား တပ်မတော်မှ  မီးရှို့ခဲ့ဟူသည့် သတင်းတို့သည် မဟုတ်မမှန်လုပ်ကြံသတင်းမှားများဖြစ်ပြီး ပေါင်းတည်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ၎င်းကျေးရွာများကို PDF အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် AA သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့များက ကျေးရွာရှိ လူနေအိမ်များအား မီးရှို့၍ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးအဖွဲ့များမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သော်လည်း လူနေအိမ်အချို့ မီးလောင်ပျက်စီး ခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော မတ္တရာမြို့နယ်တွင် တပ်မတော်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ္တရာမြို့နယ်ရှိ အုန်းကုန်းကျေးရွာဝန်းကျင်အနီးတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်း သာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁-၂၀၂၄)

 

  • ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တို့ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်။
  • မတ္တရာမြို့နယ်တွင် တပ်မတော်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့။

Add new comment