အကြမ်းဖက်သောင်းကျန်းသူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအား ဖျက်ဆီးမှုများနှင့်ပတ်သက်၍ အဖွဲ့အစည်း(၂၁) ဖွဲ့မှ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်

         အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာအဆောက်အဉီများ၊ ဘုရားရှိခိုးကျောင်းများကို ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုရားစေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည့်တို့ကို ကျူးလွန်လျက်ရှိပါသည်။

ထိုသို့ ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို ယုတ်မာရိုင်းစိုင်းစွာ စော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏လုပ်ရပ်များသည် မည်သို့မျှလက်ခံနိုင်ဖွယ်ရာမရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့မှ ပြင်းထန်စွာ­­­­ ကန့်ကွက်ရှုတ်ချ ကြောင်း သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁-၂၀၂၄)

 

  • အကြမ်းဖက်သောင်းကျန်းသူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများအား ဖျက်ဆီးမှုများနှင့်ပတ်သက်၍ အဖွဲ့အစည်း ၂၁ ဖွဲ့မှ ပြင်းထန်စွာ­­­­ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ခဲ့။

Add new comment