အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများကို Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွင်းသို့ ဝင်ရောက် နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက် ရှိမှုအပေါ် ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူပြည်သူများအနေဖြင့် ၎င်းတို့၏အကြမ်းဖက် လုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိရာ-
-
ဇန်နဝါရီလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ လည်းကောင်း၊
-
ဇန်နဝါရီလ ၁၆ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နှင့် လင်းခေးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့တွင်လည်းကောင်း ကန့်ကွက်ရှုတ်ချပွဲ များ ကျင်းပခဲ့ပါသည်။
အဆိုပါကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက်လာကြသူများက “အမျိုးဘာသာ သာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိ၊ အချုပ်အခြာအာဏာ ကို ထိပါးစော်ကားသော ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့ သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက် အားပေး လောက်ကောင်များအား (အလိုမရှိ)” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁-၂၀၂၄)
-
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက်လုပ်ရပ်များအား ရဟန်းရှင်လူပြည်သူများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချ။
-
အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများက “ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ (ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက် ကောင်များအား (အလိုမရှိ)” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့။
Add new comment