နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • ကယားပြည်နယ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသတွင်းတည်ငြိမ်နေမှုများ ပျက်ပြားအောင်ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းမှုပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခြင်းစသည်တို့အပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများ ဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများအစရှိသည်တို့ကို ဖျက်ဆီးခဲ့ ခြင်းများသည် လွန်စွာမှ အကျည်းတန်ရုပ်ဆိုးလှပြီး ပြည်သူလူထု အတိဒုက္ခရောက်စေခြင်းကို ဖြစ်ပေါ်စေခဲ့ကြောင်း။
  • ထိုအခြေအနေများ၏အကျိုးဆက်သည် ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ကြောင်း။
  • မိမိတို့ပြည်ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက်ရင်ဆိုင်နေကြရမည်သာ ဖြစ်ကြောင်း။
  • နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
  • လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသောအခက်အခဲများနှင့် ကြမ်းတမ်းခက်ထန် မှုများအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိ သကဲ့သို့ တိုးတက်ကောင်းမွန်လာသော စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း။
  • လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုအားလုံး စည်းလုံးညီညွတ်ရေးတို့သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုးစီးပွားပင်ဖြစ်ကြောင်း။

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် အမျိုးသားရေးတာဝန် ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်း များ ပွားများဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁ -၂၀၂၄)

 

  • မိမိတို့ပြည်ထောင်စုဖွားတိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက် ရင်ဆိုင်နေကြရမည်သာဖြစ်။
  • နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်။
  • လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသောအခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှု များအတွက် အဓိကကျသောအဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်။
  • လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသား ညီအစ်ကို အားလုံး စည်းလုံးညီညွတ်ရေးတို့သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေး အကျိုး စီးပွားပင်ဖြစ်။

Add new comment