တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ DVB မှ တင်ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်ဝန်သည်အပါအဝင် ပြည်သူ ဦးကို ပစ်သတ်သွားသည်ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ၎င်းနေရာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်အတူပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်လိုက်သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး တီးတိန်မြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းတစ်ခုကို CDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက Drone များ အသုံးပြု၍ လာရောက်တိုက်ခိုက်စဉ် စခန်းအတွင်း ကျရောက် ခဲ့ခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ကျ ရောက်ပေါက်ကွဲခြင်းဖြစ်ပြီး၊ တပ်မတော်မှ ပြည်သူများ နေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများမရှိကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁-၂၀၂၄)

 

  • ခင်ဦးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်ဝန်သည်အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်သွားသည်ဟုသည့် သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်။
  • ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်လိုက်သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ဟူသည့်သတင်းသည် ကောလာ ဟလသတင်းအမှားဖြစ်။

Add new comment