အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ရဟန်းရှင်လူပြည်သူများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချလျက်ရှိ

      အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများကို Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘာသာရေးဆိုင်ရာအဆောက်အဦများအတွင်းသို့ ဝင်ရောက်နေရာယူ၍ အခိုင်အမာခံစစ်စခန်း ပြုလုပ်ခြင်းစသည့်အဖျက်အမှောင့်လုပ်ငန်းများဖြင့် ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက် ရှိရာ-

  • ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းအတွင်းသို့ ဝင်ရောက်နေရာယူကာ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများပြုလုပ်၍ ခံစစ်စခန်းပြုလုပ်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့၊ ဇောတိရာမပင်မကျောင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဥထရစ်ထနယ်မြေအတွင်းရှိ စေတီပုထိုးနှင့် ဘာသာရေးအဆောက် အဦများအတွင်း ဝင်ရောက်နေရာယူကာ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်း များပြုလုပ်၍ ခံစစ်စခန်းပြုလုပ်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ နေ့တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကယားပြည်နယ်၊ ပန်တိန်းမြို့ရှိ ကတ်သလစ်ဘုရားရှိခိုးကျောင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် MNDAA ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ ရပ်တော်မူဘုရားနှင့် မိဂဒါမဟာစေတီကို Drone များအသုံးပြု၍ Drop Bomb ဖြင့် ပစ်ချဖျက်ဆီးခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်း အား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်း။
  • ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုပြတိုက်အား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောက်စာချပ်များပျက်စီးခဲ့။
  • ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် MNDAA ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ၏‌ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း (ဆင်ဦးကင်းကုန်း) ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ် ထားရာ စေတီတစ်ဆူအား အကြမ်းဖက်သမားများက သံတူဖြင့်ထု၍ စေတီအား ဖြိုချဖျက်ဆီးခဲ့ခြင်းစသဖြင့်ဘာသာတရားအပေါ် အကြမ်းဖက်မှုများ ပြုလုပ်လာကြပါသည်။

အထက်ပါကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို မိုက်ရိုင်းစော်ကားစွာ ဖျက်ဆီးလျက်ရှိသဖြင့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များအပေါ် လုံးဝလက်မခံနိုင်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိရာ-

  • ဇန်နဝါရီလ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံဘေး၌လည်းကောင်း၊
  • ဇန်နဝါရီလ ၁၁ ရက်တွင် လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံကျောက်တိုင်ကွင်း ၌လည်းကောင်း၊
  • ဇန်နဝါရီလ ၁၂ ရက်တွင် မကွေးမြို့ရှိ ကန်သာမင်္ဂလာကန်တော်၌လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေရှိ မြို့တော်ခန်းမရှေ့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့၊ နှင့် ကျောက်ပန်းတောင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တို့တွင်လည်းကောင်း၊
  • ဇန်နဝါရီလ ၁၃ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်အသီးသီးတွင်လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် ကော့သောင်းမြို့တို့တွင်လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ နတ်မောက်မြို့နှင့် သရက်မြို့ တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့တွင်လည်းကောင်း၊
  • ဇန်နဝါရီလ ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ဟုမ္မလင်းမြို့၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့တွင်လည်းကောင်း ကန့်ကွက်ရှုတ်ချပွဲများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက်လာကြသူများကအမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိ၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ) ဒို့ဘာသာ၊ ဒို့ သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား(ဆန့်ကျင်ကြ) အကြမ်းဖက် အားပေး လောက်ကောင်များအား (အလိုမရှိ)” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁-၂၀၂၄)

 

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှစ်ခိုးကျောင်းများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ရဟန်းရှင်လူပြည်သူများက ပြင်းထန်စွာကန့်ကွက်ရှုတ်ချ။
  • အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများက “ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ (ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခဲ့။

 

Add new comment