နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ တွေ့ဆုံ၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန်လိုကြောင်း။
- ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများအပါအဝင် နည်းလမ်း ပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
- ၂၀၂၁ -၂၀၂၂ ခုနှစ်တွင် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ တရားမဝင် နေထိုင်သူများအား ဥပဒေနှင့်အညီဆောင်ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေးနှင့် စနစ်ကျနမှုရှိစေရေးကို အလေးပေးဆောင်ရွက်ပေးခဲ့ကြောင်း။
- တရားမဝင်ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီဖြစ်စေရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း။
- နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးကောင်းမွန်ရန်လိုအပ်သဖြင့် ကျောင်းများ ကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံပညာကျောင်းများ ရှိရန်လိုသကဲ့သို့ အားကစားကွင်းများလည်း တည်ရှိရန်လိုကြောင်း။
- မြို့ပြစီမံကိန်းနှင့် အိမ်ယာစီမံကိန်းများတည်ဆောက်ရာတွင် အားကစားကွင်းများ၊ ဈေးနှင့် ကျောင်းများ၊ ဆေးရုံများ ထည့်သွင်းတည်ဆောက်ရန်လိုကြောင်း၊ လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျ ဖြင့် ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း။
- စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်အတွက်စီမံကိန်းများချမှတ်၍ စီမံဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်တံတားပန်းခြံနှင့် ဘုရင့်နောင်ပန်းခြံတည်ဆောက်ရေးစီမံကိန်းနှင့် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁-၂၀၂၄)
- လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ၊ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ရန်လို။
- ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများအပါအဝင် နည်းလမ်း ပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေး တိုင်းဒေသ ကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လို။
- နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးကောင်းမွန်ရန်လိုအပ်သဖြင့် ကျောင်းများ ကောင်းမွန်နေရန်လိုပြီး ရပ်ကွက်များအလိုက် အခြေခံပညာကျောင်းများ ရှိရန်လိုသကဲ့သို့ အားကစားကွင်းများလည်း တည်ရှိရန်လို။
Add new comment