တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

      တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ The Tanintharyi Times မှ တင်ထားသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တောင်ပုကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်းသတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ တောင်ပုကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်းသိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သော Khit Thit Media နှင့် DVB TV News မှ တင်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက်ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေ ကြောင်း ညီနောင် ၃ ဖွဲ့ က တရားဝင်ကြေညာသည်ဟု သတင်းသည် ကောလဟလသတင်းအမှားဖြစ်ပြီး တပ်မတော်သည် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု ရရှိပြီးချိန်မှစ၍ သဘောတူညီချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရဟု သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး ဖြစ်စဉ်မှာ အဆိုပါမြို့များအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို AA သောင်းကျန်းသူများက အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb ချ တိုက်ခိုက် ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ၊ Drop Bomb ဗုံးများသည် ဒေသခံပြည်သူများ နေထိုင်ရာ မြို့ရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်း သာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၁-၂၀၂၄)

 

  • မြိတ်မြို့ရှိ တောင်ပုကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဒေသခံများထံမှ ငွေကြေးများ ခြိမ်းခြောက်ယူဆောင်သွားကြောင်း သတင်းသည် ကောလာဟလသတင်းအမှားဖြစ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက်ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ညီနောင် ၃ ဖွဲ့ က တရားဝင်ကြေညာသည်ဟု သတင်းသည် ကောလဟလသတင်း အမှားဖြစ်။
  • ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရဟု သတင်းသည် မဟုတ်မမှန် လုပ်ကြံသတင်းဖြစ်။

Add new comment