နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-

  • ကရင်တိုင်းရင်းသားများသည် သမိုင်းတစ်လျှောက် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားအားလုံးနှင့် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်သာမက မြန်မာနိုင်ငံ သူ့ကျွန်လက်အောက် ကျရောက်ခဲ့စဉ်ကလည်း နိုင်ငံလွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးနှင့် အတူ အသက်၊ သွေး၊ ချွေးစတေး၍ တိုက်ပွဲဝင်ခဲ့ကြသည်မှာ လေးစားဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက် သွားကြရမည်ဖြစ်ပြီး ထိုသို့အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး စည်းလုံးညီညွတ်စွာဖြင့် အရှည်တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း။
  • ယခုအချိန်တွင် ကရင်ပြည်နယ်ဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့် ပြည်သူအားလုံး ဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း။
  • အမှန်တရားအပေါ် အခြေမပြုဘဲ ပြည်တွင်းပြည်ပသွေးထိုးမြှောက်ပင့်မှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ပွဲများ၏ ဆိုးကျိုးနှင့် ဆင်းရဲဒုက္ခကို လက်တွေ့ခံစားနေကြရသူများမှာ တိုင်းရင်းသား ပြည်သူများသာဖြစ်ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရကာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ဘက်ပေါင်းစုံတွင် အခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း။
  • တည်ငြိမ်အေးချမ်းမှုမရှိသော နေရာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကင်းဝေးလျက်  ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း နိမ့်ကျလျက်ရှိနေမည်ဆိုသည့်အချက်ကို အားလုံးက သတိပြုအလေးအနက်ထားကြစေလိုကြောင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် အမျိုးသားရေးလုပ်ငန်းသုံးရပ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ပါ ကြောင်းကို အလေးအနက်ပြောကြားလိုကြောင်း။
  • နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ကို အမြဲလက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုကြောင်း။

ယနေ့မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာအောင် အချင်းချင်းဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပြီး ပြည်ထောင်စုကြီးအေးချမ်းသာယာဝပြောရေး ဆောင်ရွက်ကြကာ နိုင်ငံနှင့် ပြည်သူအကျိုးကို အကောင် အထည်ဖော်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လျက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁-၂၀၂၄)

 

  • ယခုအချိန်တွင် ကရင်ပြည်နယ်ဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့်ပြည်သူအားလုံး ဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိ။
  • တည်ငြိမ်အေးချမ်းမှုမရှိသော နေရာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကင်းဝေးလျက် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမှာလည်း နိမ့်ကျလျက်ရှိနေမည်ဆိုသည့်အချက်ကို အားလုံးက သတိပြုအလေးအနက်ထားကြစေလို။
  • နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန် တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံးကို အမြဲလက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက်ရှိ။
  • မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်မည်ဖြစ်။
  • မိမိတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာအောင် အချင်းချင်းဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပြီး ပြည်ထောင်စုကြီးအေးချမ်းသာယာဝပြောရေး ဆောင်ရွက်ကြကာ နိုင်ငံနှင့် ပြည်သူအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ပေး ကြပါရန် တိုက်တွန်းနှိုးဆော်လို။

Add new comment