နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းသည် ဇန်နဝါရီလ ၁၀ ရက်တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတင်ပြခြင်းနှင့် Legal Year 2024 ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးချုပ် Dr. Suhartoyo S.H., M.H. က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက စစ်ဆေးစီရင်ခဲ့သည့်အမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ Judicial Ethics Council ဖွဲ့စည်းတည်ထောင်ခဲ့မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အခြားနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့်စပ် လျဉ်း၍လည်းကောင်း အစီရင်ခံတင်ပြပြီး ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသခဲ့ ပါသည်။
အခမ်းအနားသို့ အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့်အတူ အခြားအဖွဲ့ဝင်နိုင်ငံများမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁-၂၀၂၄)
- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌသည် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတင်ပြခြင်းနှင့် Legal Year 2024 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
- အခမ်းအနားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက စစ်ဆေးစီရင်ခဲ့သည့် အမှုများ၊ Judicial Ethics Council ဖွဲ့စည်းတည်ထောင်ခဲ့မှုများ၊ အခြားနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ၎င်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက် ချက်မှတ်တမ်းဗီဒီယိုကို ပြသခဲ့။
Add new comment