တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် နေအိမ်များမီးလောင်ခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ခြင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် Narinjara တို့မှ တင်ထားသော မြောက်ဦးမြို့တွင် အရပ်သား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရာတွင် ချမှတ်ထားသည့် စစ်ပွဲဆိုင်ရာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင် အရပ်သားပြည်သူများကို လူ့အခွင့်အရေးများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်း သာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁-၂၀၂၄)

 

  • မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် နေအိမ်များမီးလောင်ခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်။
  • မြောက်ဦးမြို့တွင် အရပ်သား ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်။

Add new comment

Switch to plain text editor