စစ်ရေးနှင့်မသက်ဆိုင်သည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများကို ကန့်ကွက်ရှုတ်ချပွဲများ ရန်ကုန်မြို့၊ လားရှိုးမြို့နှင့် မကွေးမြို့များတွင် ပြုလုပ်

         စ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲများကို ဇန်နဝါရီလ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံဘေး၌လည်းကောင်း၊ ဇန်နဝါရီလ ၁၁ ရက်တွင် လားရှိုးမြို့ရှိ လွတ်လပ်ရေးပန်းခြံကျောက်တိုင်ကွင်း၌လည်းကောင်း၊ ဇန်နဝါရီလ ၁၂ ရက်တွင် မကွေးမြို့ရှိ ကန်သာမင်္ဂလာကန်တော်၌လည်းကောင်း ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများက “အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိ၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဒို့ဘာသာ၊ ဒို့ သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား(အလိုမရှိ)” ဟူသော ကြေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁-၂၀၂၄)

 

  • စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲများကို ရန်ကုန်မြို့၊ လားရှိုးမြို့နှင့် မကွေးမြို့တို့တွင် ပြုလုပ်ခဲ့။
  • အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများက “ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီများအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ) ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား(အလိုမရှိ)” ဟူသော ကြေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့။

Add new comment