တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ရန်လင်းကျော်(၄) အမည်ရှိ စက်လှေအား ဇန်နဝါရီလ ၄ ရက်တွင် စစ်ဆေးရှာဖွေခဲ့ရာ အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ ၄ ဦးနှင့်အတူ ကာလ တန်ဖိုးငွေကျပ် ၃၆.၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများ၏ စိစစ်ဖော်ထုတ်ချက်များအရ-
- ဇန်နဝါရီလ ၇ ရက်တွင် မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော် (ခ) စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့။
- အဆိုပါမူးယစ်ဆေးများအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင် အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရ။
အိုက်စ်(မက်သ်အဖက်တမင်း)များကို တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် ချစ်ထူးနိုင် (ခ)ဆရာချစ်နှင့် ကျော်ဇင်ဦးတို့အပါအဝင် တရားခံ ၇ ဦးအား တာဝန်ရှိသူများက ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၁-၂၀၂၄)
- တပ်မတော်(ရေ)မှ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ရန်လင်းကျော်(၄) အမည်ရှိ စက်လှေအား စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးသယ်ဆောင်သည့် ဆက်စပ်တရားခံ ၇ ဦးနှင့်အတူ ကာလတန်ဖိုးငွေကျပ် ၃၆.၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့။
- အဆိုပါမူးယစ်ဆေးများအား ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည်ဖြစ်။
Add new comment