မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများ၌ ထူးခြားစွာ ထောက်ပံ့လှူဒါန်းခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိန်းဝပ် စံပယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများတွင်လည်းကောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများတွင်လည်းကောင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဆရာတော်ကြီးများ/ လူပုဂ္ဂိုလ်များအား ဇူလိုင်လ ၂၃ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

ထိုကဲ့သို့ ချီးမြှင့်ခဲ့ရာတွင် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ၁ ဦး၊ သရေ စည်သူဘွဲ့ ၉ ဦး၊ စည်သူဘွဲ့ ၄ ဦး၊ သူရဘွဲ့ ၂ ဦး၊ သီရိပျံချီဘွဲ့ ၂၃ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၂ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၄ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ၂ ဦး၊ ရဲသူရတံဆိပ် ၉ ဦး၊ ရဲဗလတံဆိပ် ၃၆ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်) ၁၄ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယတံဆိပ်) ၂၈ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ၃၄ ဦး၊ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ၃ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၆ ဦး၊ လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ၄ ဦး၊ စက်မှုစီးပွား ထူးချွန်တံဆိပ် (တတိယအဆင့်) ၁ ဦး၊ ဝိဇ္ဇာ ပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၃၃ ဦး စုစုပေါင်း ၂၃၁ ဦးအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင်လည်းကောင်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော ဆရာတော်ကြီး များ/ လူပုဂ္ဂိုလ် စုစုပေါင်း ၂၃၁ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့။

Add new comment