ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့်ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေးရှင်းလင်းပြသ

            ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုး ကွယ်မှုအခြေအနေများနှင့်ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေး ရှင်းလင်းပြသ ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်တွင် အဆိုပါမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ် အလှူရှင်များ၊ မိတ်ဖက် ကုမ္ပဏီများမှအလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။

ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က-

  • ကျောက်တုံးတော်ကြီးများ တူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊
  • ရုပ်ပွားတော်ကြီး ထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်း ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်း ကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့ပြီး ကမ္ဘာ့အလေး ချိန်အများဆုံး ရေလမ်းခရီးသယ်ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှုဖြစ်ခဲ့ သည့် အခြေအနေများ၊
  • မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိစေရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့မှု၊
  • ပလ္လင်တော်အပိုင်းများကို အဆင့်ဆင့်တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်း များ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု၊
  • ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအလိုက် CNC စက်ဖြင့် အဆင့် ဆင့်ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊
  • မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့မှုနှင့် ကျည်းပင်များ စိုက်ပျိုးထားရှိမှု၊
  • မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအား အဆင့်ဆင့် တွဲဆက်ခဲ့မှုများ ဆောင်ရွက်ခဲ့မှု၊
  • ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ ဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူ ကြည်ညိုနိုင်ရေး စကျင်ကျောက် ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီများ တည်ထားမှု၊
  • ဆင်းတုတော်ကြီး၏ အပိုင်း(၁၊၂၊၃)တို့အား တွဲဆက်၍ ပင့်ထောင်ခြင်းလုပ်ငန်း နှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ကရိယာများအသုံးပြု၍ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်း ၍ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊
  • ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်း အနားများဆောင်ရွက်ခဲ့မှု၊
  • သံဃာတော်အပါး ၉၀၀ နှင့် လူပရိတ်သတ် ၁,၂၀၀ ဝင်ဆံ့နိုင်သည့် သာသနာ့ ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမ သိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက် ထားရှိမှု အခြေအနေများ၊
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော် ခဲ့မှု၊
  • ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရးအတွက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခိုင်နိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့မှု အခြေအနေများ၊
  • ရင်ပြင်တော်ကြီးနှင့် ဂန္ဓကုဋိတိုက်များ တည်ဆောက်ထားရှိမှု အခြေအနေများ၊
  • ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအဆင့်ဆင့်တိုးတက်လာမှုအား Drone ဖြင့် ရိုက်ကူးထားရှိမှုမှတ်တမ်း Video Clip နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်ကြီးတည်ဆောက်ပြီးစီးပါက ဖူးမြော်မြင်တွေ့ရမည့် အခြေ အနေများကို အထူးပြုလုပ်ချက် Video Clip ဖြင့်ရှင်းလင်းပြသခဲ့။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတည်အလှူငွေများ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်း အတွက် တက်ရောက်လာကြသူများ၏ လှူဒါန်းမှုအနေဖြင့် စေတနာရှင် အလှူရှင် ၃၇၇ ဦးမှ လှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ (ငွေကျပ် ၁၇,၄၁၅ သန်း) ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဘုရားကြီး နှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်း ထည့်သွင်းထားရှိမှုများကို ကြည့်ရှုကြရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ထားကိုးကွယ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ခဲ့ ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၃)

 

  • ကမ္ဘာပေါ်ရှိ ထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု အခြေအနေများနှင့်ပတ်သက်၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းပြသခဲ့ပြီး စေတနာရှင် အလှူရှင်များက ကြည်ညိုသဒ္ဒါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်း အတွက် တက်ရောက်လာကြသူများ၏ လှူဒါန်းမှုအနေဖြင့် စေတနာရှင် အလှူရှင် ၃၇၇ ဦးမှ လှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ (ငွေကျပ် ၁၇,၄၁၅ သန်း) ဖြစ်။

Add new comment