မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော် မူရာတူရူအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်းမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာတူရူအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်းမဟာမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးဖွင့်လှစ်ခြင်းမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်က ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့ပါသည်။

အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူ ကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ ပြည် ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ပူဇော်ခဲ့ကြပါသည်။

ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က အောင်မြေနေရာ၌ ကျောက်မျက်ရတနာများ ခင်းကျင်းကြဲဖြန့်ပူဇော်၍ မင်္ဂလာ အချိန်တွင် မဇ္ဇျိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန ၇ နေရာမှ အောင်မြေများနှင့် နိုင်ငံတော် တစ်ဝန်းလုံးရှိ တန်ခိုးကြီးမားစေတီဘုရားများရှိ အောင်မြေဌာန ၃၅ ဌာနတို့၏ အောင် မြေများကို ဝိဇယဘူမိနိမ္မာန အောင်မြေထည့်သွင်းတည်ထားပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ပါသည်။

သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကို ကိုးချက်ထိုး၍ ဖွင့်လှစ်ပြီးအမွှေးနံ့သာရည် များပက်ဖျန်းပေးခဲ့ပါသည်။ ဆက်လက်၍ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က ခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်ကြပါသည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာ တော်မူရာအရပ်၌ အမြင့် ၅ ပေ၊ ထိပ်ဝအကျယ် ၄ ပေ ၁ လက်မ၊ အလေးချိန် ၇၃၈ ကြေးပိဿာရှိသော သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကို တည်ထားရာတွင်လည်း မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိ မှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ် စေရန် ရည်ရွယ်ချက်များဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ သား၊ သမီး၊ မြေးများ မိသားစုမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၇-၂၀၂၃)

 

  • ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အောင်မြေနေရာ၌ ကျောက်မျက်ရတနာများ ခင်းကျင်းကြဲဖြန့်ပူဇော်၍ မဇ္ဇျိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန နေရာမှ အောင်မြေများနှင့် နိုင်ငံတော် တစ်ဝန်းလုံးရှိ တန်ခိုးကြီးမားစေတီ ဘုရားများရှိ အောင်မြေဌာန ၃၅ ဌာနတို့၏ အောင် မြေများကို ဝိဇယဘူမိနိမ္မာန အောင်မြေထည့်သွင်းတည်ထားခဲ့။
  • အမြင့် ပေ၊ ထိပ်ဝအကျယ် ပေ လက်မ၊ အလေးချိန် ၇၃၈ ကြေးပိဿာရှိသော သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ တော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက် များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ သား၊ သမီး၊ မြေးများ မိသားစုမှ လှူဒါန်းခဲ့ခြင်းဖြစ်။

 

Add new comment