နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးရှိ နို့စားနွားမွေးမြူရေးစီမံကိန်း (ထုံးဘို) နှင့် မာဘယ်ကျောက်ပြားထုတ် လုပ်ရေးစက်ရုံ (မန္တလေး) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ နို့စားနွားမွေးမြူရေးစီမံကိန်း(ထုံးဘို)သို့ ရောက်ရှိကြပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- မွေးမြူရေးစခန်းများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သည် နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူလူထုအား အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝစားသောက်နိုင်စေရေးအတွက်ဖြစ်ပြီး အမြတ်အတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်းနှင့် သက်သာချောင်ချိရေးကို အဓိကထား စဉ်းစားဆောင်ရွက်ခြင်းဖြစ်ကြောင်း။
- မန္တလေးမြို့တွင် လူဦးရေ ၁ သန်းခွဲခန့်ရှိပြီး နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်၊ အသားလိုအပ်ချက်များကို တစ်ဖက်တစ်လှမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း။
- အရည်အသွေးပြည့်မီသည့် နို့နှင့်အသားများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ကြောင်း။
- ပြည်ပနိုင်ငံများမှ နို့ထွက်ပစ္စည်းတင်သွင်းနေရမှုများကို လျှော့ချပြီး ပြည်တွင်း၌ပင် လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မာဘယ်ကျောက်ပြားထုတ်လုပ်ရေးစက်ရုံ (မန္တလေး) သို့ သွားရောက်၍ စက်ရုံအတွင်း နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်း အသုံးပြုမည့် ကျောက်ပြားများနှင့် ကျောက်စာချပ်များထုတ်လုပ်နေမှု အခြေအနေများ၊ မန္တလေး၊ မဟာမြတ်မုနိဘုရားကြီးနှင့် ကုသိုလ်တော်ဘုရားကြီးရင်ပြင်တော်တွင် ခင်းကျင်းမည့် နေပူခံကျောက်ပြားများ ထုတ်လုပ်နေမှုအခြေအနေများ၊ CNC Machine များကို အသုံးပြု၍ ဆင်းတုတော်များနှင့် ရုပ်တု၊ ရုပ်ထွင်းများထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ရာ စက်ရုံမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
- မွေးမြူရေးစခန်းများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သည် နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူလူထုအား အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ပြည့်ဝဝစားသောက်နိုင်စေရေးအတွက်ဖြစ်ပြီး အမြတ်အတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်းနှင့် သက်သာချောင်ချိရေးကို အဓိက ထားစဉ်းစားဆောင်ရွက်ခြင်းဖြစ်။
- အရည်အသွေးပြည့်မီသည့် နို့နှင့်အသားများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ကြောင်း။
- ပြည်ပနိုင်ငံများမှ နို့ထွက်ပစ္စည်းတင်သွင်းနေရမှုများကို လျှော့ချပြီး ပြည်တွင်း၌ပင် လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်။
Add new comment