မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ တရုတ်နိုင်ငံမှပေးပို့သည့် အကူအညီပစ္စည်းများ မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိ

        မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့သည့်  အကူအညီပစ္စည်းများ တင်ဆောင်လာသည့် China Aid Cargo ( SEOUL GLOW) သင်္ဘောသည် ဇူလိုင်လ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိဆိုက်ကပ်လာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Chen Hai က အလှူပစ္စည်းများကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ရောက်ရှိလာသော လေဘေးသင့်ပြည်သူများထံပေးပို့လှူဒါန်းသည့် ပစ္စည်းများ တွင် ခေါက်ဆွဲခြောက် ၄,၀၀၀ ဖာ၊ မီးစက်အလုံး ၄၀၀၊ ရေစုပ်စက်အလုံး ၂၀၀၊ မိုးကာတဲ ၁,၇၀၀၊ စောင်အထည် ၁၀,၀၀၀၊ ခြင်ထောင်အလုံး ၁၀,၀၀၀၊ ခရီးဆောင်ဆိုလာမီးအိမ် အလုံး ၁၀,၀၀၀၊ ကလိုရင်းဒိုင်အောက်ဆိုက် ပိုးသတ်ဆေးပြား ပုလင်း ၂၀၀,၀၀၀၊ ရေဆူ ပိုးသတ်ဆေးပြား ၅၀၀ တောင့်တို့ပါဝင်ပြီး ကုန်တန်ချိန် ၁၉၀ ဒသမ ၂၄၁ တန်ခန့်၊ ခန့်မှန်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁,၁၇၂,၀၆၈ ဖြစ်ကြောင်းနှင့် အဆိုပါ အကူ အညီပစ္စည်းများအား မုန်တိုင်းသင့်ဒေသများသို့ သင်္ဘောဖြင့် အမြန်ဆုံးပေးပို့သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၃)

 

  • မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁,၁၇၂,၀၆၈ ခန့်တန်ဖိုးရှိ အကူအညီပစ္စည်းများအား ပေးပို့လှူဒါန်းခဲ့။

Add new comment