ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်

         ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၂ ရက်တွင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများသို့သွားရောက်၍ ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ပါသည်။

  • သဲချောင်းကျေးရွာ Cyclone Shelter ၌ သဲချောင်း၊ ဒါးပိုင်း၊ သက္ကေပြင်၊ မော်သီညှာနှင့် ဘာဆာရာ IDP စခန်းများသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သည့် ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး Cyclone Shelter အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့။
  • ခေါင်းဒုက္ကာကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ခေါင်းဒုက္ကာ၊ ဘောဒူဖ၊ အုန်း တောကြီး၊ ချမ်းသာကုန်နှင့် အုန်းတောချေ IDP စခန်းများမှ စခန်းတာဝန်ခံများ နှင့်တွေ့ဆုံ၍ ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့။

ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်း (၁၀) ခန်းတွင် နေထိုင်ကြသူများအတွက် ဆန်ရိက္ခာ ၁,၄၀၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နိုင်ငံ တော်မှ လိုအပ်သည့် ကူညီထောက်ပံ့ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ မိမိ တို့ လက်ရှိလုပ်ဆောင်နေကြသည့် ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းများ၊ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများကိုလည်း ယခင်ကထက်တိုးတက်လာ အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း စခန်း တာဝန်ခံများက သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားကာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၇-၂၀၂၃)

 

  • ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်း (၁၀) ခန်းသို့ သွားရောက်၍ ဆန်ရိက္ခာ ၁,၄၀၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့။

Add new comment