မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vinay Kumar ဦးဆောင် သောအဖွဲ့ကို ဇူလိုင်လ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တို့ကလည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်းကောင်း နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသ များအတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီ လှူဒါန်း ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများ အကူအညီပေးရေး၊ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွား နိုင်ရေးနှင့် ဆန်နှင့် ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးတို့အတွက် အလားအလာများ ရှာဖွေသွားရေး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေး လမ်းမ စီမံကိန်းအကောင်အထည်ဖော်နေမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ။
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး က အိန္ဒိယနိုင်ငံမှ ဝန်ကြီးဌာနသို့ ပေးအပ်ထားသည့် ပညာတော်သင်ကိစ္စရပ်များ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအား လူသားချင်းစာနာမှုအထောက်အပံ့ ပေးမှုကိစ္စရပ်များ၊ နေရာစွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ လူကုန်ကူးမှု ဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မြန်မာ-အိန္ဒိယ နားလည်မှုစာချွန် လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းများက ရခိုင်ပြည်နယ်ဒေသ စီးပွားရေးအတွက် အထောက်အကူပြုနိုင်မှုများအား တင်ပြခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိုခါမုန်တိုင်းအတွက် အိန္ဒိယနိုင်ငံ မှ ပေးအပ်ခဲ့သည့် လူသားချင်းစာနာမှုအကူအညီများသည် မုန်တိုင်းသင့်သူများ အတွက် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း၊ AHA Centre ၏ ERAT Team ကိုယ်စားလှယ်များ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်လေ့လာခဲ့မှုအခြေအနေ၊ မိုင်းအန္တရာယ်အသိ ပညာပေးရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အိန္ဒိယရူပီး/ မြန်မာကျပ်ငွေတို့ဖြင့် တိုက်ရိုက်ငွေပေးချေရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဦးနှစ်ဖက်သဘောတူညီချက် (Concept Notes) ပါ အချက်များအနက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် အိန္ဒိယနိုင်ငံရှိ ပြည်ပအလုပ်သမားများ၏ ပြန်လည်လွှဲပို့ငွေများကို အထူးဖွင့်လှစ်ထားရှိမည့် ငွေစာရင်းတွင် လက်ခံထည့်သွင်းရန်၊ မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးစသည့် သဘောတူညီမှုဆိုင်ရာအချက်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၃)
|
Add new comment