ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၁ ရက်တွင် နေပြည်တော်ရှိ မာရ ဝိဇယရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက-
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ တော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော် ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ရေးဆောင်ရွက်ခဲ့မှု၊
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆိုင်ရာ အချက်အလက်များနှင့် ဗုဒ္ဓဥယျာဉ် တော်အတွင်း ထည့်သွင်းတည်ဆောက်ထားရှိသည့် သာသနိကအဆောက်အဦ များ၊ ကျောက်စာရုံစေတီတော်များဆိုင်ရာ အချက်အလက်များ၊
- ရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင်ကျောက်တော်ကြီး လက်ခံရရှိခဲ့မှုနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ အသေးစိတ်တွက်ချက်မှုများ ဆောင်ရွက်ခဲ့ရမှု၊
- စကျင်ကျောက်တော်ကြီးကို နေပြည်တော်သို့ ရောက်ရှိနိုင်ရေးအတွက် ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းတို့ကို အသေးစိတ်တွက်ချက်ဆောင်ရွက်၍ ကြိုး ပမ်းသယ်ယူပင့်ဆောင်ခဲ့ရမှု၊
- နေပြည်တော်သို့ ပင့်ဆောင်နေချိန်နှင့် တစ်ပြိုင်တည်း၌ပင် နေပြည်တော်သို့ ရောက်ရှိပြီးချိန်၌ စတင်ထုဆစ်မည့်နေရာ၊ ထုဆစ်ပြီးချိန်တွင် တည်ထားကိုး ကွယ်မည့်နေရာနှင့် သာသနိကအဆောက်အဦများ ထည့်သွင်းဆောင်လုပ်နိုင်ရေး တို့အတွက်ကိုလည်း နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်ခဲ့ရမှု၊
- ရုပ်ပွားတော်မြတ်ကြီးကို အပိုင်း ၄ ပိုင်းဖြင့်ခွဲ၍ ထုဆစ်ပုံဖော်နိုင်ရေး စီမံ ဆောင်ရွက်ခဲ့ပြီး ခေတ်မီ CNC နည်းပညာအသုံးပြု၍ အဆင့်ဆင့် ထုဆစ်ပုံဖော် ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ထုဆစ်ခြင်းလုပ်ငန်းများ အားလုံးပြီးစီးခဲ့မှု၊
- ရုပ်ပွားတော်မြတ်ကြီး၏အပိုင်းများကို တွဲဆက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ မှုနှင့် တစ်ချိန်တည်း၌ပင် ကျောက်စာရုံစေတီ စုစုပေါင်း ၇၂၀ ဆူကိုလည်း တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊
- ရုပ်ပွားတော်မြတ်ကြီး၏အပိုင်းများကို တွဲဆက်ပြီးနောက် ရတနာပလ္လင်တော် ထက်သို့ ပင့်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှုနှင့် စေတနာရှင် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများ လှူဒါန်းထားသည့် ဌာပနာတော်များ ထည့်သွင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့မှု၊
- ရုပ်ပွားတော်မြတ်ကြီးအား ပိဋကတ်တော်လာ အချက်အလက်များနှင့် ညီညွတ် ပြည့်စုံစေရေးအတွက် ဥဏ္ဏလုံမွေးရှင်တော် ဓာတ်စီသွင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကျင်းပခဲ့မှု၊
- သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ် တမ်းများ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊
- ဆင်းတုတော်နှင့် ပလ္လင်တော်ထုဆစ်ခြင်း လုပ်ငန်းတိုးတက်မှု မှတ်တမ်းများ၊ ရင်ပြင်တော် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရေး လုပ်ငန်းများအားလုံး ပြီးစီးသည့်အချိန်တွင် မြင်တွေ့ရမည့် အခြေအနေများကို Powerpoint Presentation များ၊ မှတ်တမ်း Video ဖိုင်များ၊ အထူးပြုလုပ် ချက်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ အခမ်းအနား များကို ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် စည်ကားခမ်းနားစွာ ပြုလုပ် သွားမည်ဖြစ်ကြောင်း။
- အနေကဇာတင် လှူပူဇော်ပွဲအခမ်းအနား၌ ပြည်ပနိုင်ငံ ၉ ခုမှ သံဃာတော်အပါး ၇၀ ကျော်သည်လည်း တက်ရောက်အနေကဇာတင်မည်ဖြစ်ပါကြောင်းနှင့်
- မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပနေမှုများကို ပြည်သူလူထုတစ်ရပ်လုံး ကြည့်ရှုကုသိုလ်ပွားနိုင်ရေးအတွက်လည်း နိုင်ငံပိုင်ရုပ်မြင်သံကြား Channel များ မှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။
တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလို သည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်း စာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် သတင်း မီဒီယာများမှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် တည် ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါတရားပွားများစွာဖြင့် အလှူငွေများကို ပေးအပ် လှူဒါန်းခဲ့ရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ခံရယူခဲ့ပါသည်။
သတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်ပသတင်း ဌာနများမှ သတင်းထောက်များ၊ မြန်မာနိုင်ငံဓာတ်ပုံဆရာများအသင်းမှ ဓာတ်ပုံပညာ ရှင်များ လာရောက်သတင်းရယူခဲ့ကြသည်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်ကြည့်ရှုဖူးမြော် ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၃)
- ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၁ ရက်တွင် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ပြီး သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့။
Add new comment