နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများနှင့် EAO များဘက်မှ ဆွေးနွေးလို သည့်အချက်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေး ရေး ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၇-၂၀၂၃)
- တွေ့ဆုံဆွေးနွေးရာတွင် ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေများနှင့် EAO များ ဘက်မှ ဆွေးနွေးလိုသည့်အချက်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး ၍ အပြန်အလှန်လဲလှယ်ခဲ့။
Add new comment