ပြည်ထောင်စုဝန်ကြီးများ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

     နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၂၀ ရက်တွင် နေပြည်တော်ရှိ သက် ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် အာဆီယံ-တရုတ် ဗဟိုဌာနအနေဖြင့် ဦးစားပေးနယ်ပယ် ခြောက်ခုဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ် နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာ ကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့် နောက်ဆက်တွဲအစီအစဉ်အောက်ရှိ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်ရေး၊ အာဆီယံ-တရုတ်ဗဟိုဌာနမှ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ စီမံကိန်းများ၊ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း၍ အဓိပ္ပာယ် ပြည့်ဝပြီး နှစ်ဖက်အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ။
  • ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ် များအကြား နားလည်မှုစာချွန်လွှာပေါင်း ၂၅ စောင် လက်မှတ်ရေးထိုးထားကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အာဆီယံ - တရုတ် စင်တာအတွင်းရေးမှူးချုပ်က  အာဆီယံ - တရုတ်စင်တာသည် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် မီဒီယာကဏ္ဍတို့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်   အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် လျက်ရှိကြောင်း၊ တရုတ်-အာဆီယံချစ်ကြည်ရင်းနှီးမှုသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မောင်းနှင်အားပင်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ လက်တွဲကျော်ဖြတ်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများ အာဆီယံ-တရုတ်စင်တာအတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံရာတွင် အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့် နောက် ဆက်တွဲအစီအစဉ်အောက်ရှိ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်အကောင်အထည်ဖော်ရေး၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။

Add new comment