ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

       အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Vinay Kumar ဦးဆောင်သော အဖွဲ့ကို  ဇူလိုင်လ ၂၀ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ မိုခါမုန်တိုင်းဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီ လှူဒါန်းခဲ့မှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ အကူအညီပေးရေး၊ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရေးနှင့် ဆန် နှင့် ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးတို့အတွက် အလားအလာများ ရှာ ဖွေသွားရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အကောင် အထည်ဖော်နေမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး က အိန္ဒိယနိုင်ငံမှ ဝန်ကြီးဌာနသို့ ပေးအပ်ထားသည့် ပညာတော်သင်ကိစ္စရပ်များ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအား လူသားချင်းစာနာမှုအထောက်အပံ့ ပေးမှုကိစ္စရပ်များ၊ နေရာစွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ လူကုန်ကူးမှု ဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မြန်မာ-အိန္ဒိယ နားလည်မှုစာချွန် လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းများက ရခိုင်ပြည်နယ်ဒေသ စီးပွားရေးအတွက် အထောက်အကူပြုနိုင်မှုများအား တင်ပြခဲ့။
  • ပြည်ထောင်စုဝန်ကြီးကလည်း မိုခါမုန်တိုင်းအတွက် အိန္ဒိယနိုင်ငံမှ ပေးအပ်ခဲ့ သည့် လူသားချင်းစာနာမှုအကူအညီများသည် မုန်တိုင်းသင့်သူများအတွက်များ စွာ အထောက်အကူဖြစ်ခဲ့ကြောင်း၊ AHA Centre ၏ ERAT Team ကိုယ်စားလှယ် များ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်လေ့လာခဲ့မှုအခြေအနေ၊ AHA Centre  မှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့မှု၊ မုန်တိုင်းသင့်ဒေသများသို့ နိုင်ငံ တကာမှ အကူအညီပေးပို့ရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းယန္တရားတစ်ရပ် ဖော်ဆောင်ရန်ရှိမှုနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်အသိ ပညာပေးရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများအား ပြန်လည် ထူထောင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)

 

  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရေးနှင့် ဆန်နှင့် ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးတို့အတွက် အလားအလာများ ရှာဖွေ သွားရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း အကောင် အထည်ဖော်နေမှုကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအား လူသားချင်းစာနာမှုအထောက်အပံ့ပေးမှုကိစ္စရပ်များ၊ နေရာစွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ လူကုန်ကူးမှု ဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်း များအား ဆွေးနွေးခဲ့။

Add new comment