ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံရေးပါတီခုနှစ်ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေး

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်သော ပဲခူးတိုင်းဒေသကြီးနယ်မြေအခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးနယ်မြေအခြေစိုက် ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ဧရာဝတီ တိုင်းဒေသကြီးနယ်မြေအခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP) တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများကို ဇူလိုင်လ ၂၀ ရက်တွင် ရန်ကုန်မြို့လွှတ်တော်အဆောက်အအုံရှိ ပုလဲခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြု ပြီးသော နိုင်ငံရေးပါတီများအနေဖြင့်  ထုတ်ပြန်ထားရှိသော နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိအား စစ်ဆေးခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီ များအဖြစ် ပြင်ဆင်တည်ဆောက်ထားကြရန်နှင့် EVN (Electronic Voting Machine) စက်ဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)

 

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီခုနှစ်ပါတီမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့။

Add new comment