အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင် (၃) ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားခဲ့ရာ-
- အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏တိုးတက်မှုကို ကျေနပ်အားရကြောင်း။
- ဝန်ကြီးဌာနကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍများတွင် ကြုံတွေ့ နေရသည့် လက်ရှိစိန်ခေါ်မှုများ၊ အနာဂတ်စိန်ခေါ်မှုများကို ကြိုတင်မျှော်မှန်း ထားရန်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို အဆိုပြုဆွေးနွေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
- သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမျိုးသားစီမံကိန်းများနှင့် ကိုက်ညီစွာ ထည့် သွင်းဆွေးနွေးခြင်းဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ အမျိုးသားအကျိုး စီးပွားကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် အာဆီယံမဏ္ဍိုင် (၃) ရပ် အောက်ရှိ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ စိန်ခေါ်မှုများနှင့် အနာဂတ်မျှော်မှန်းချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးပွဲသို့ ဝန်ကြီးဌာန စုစုပေါင်း ၂၇ ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)
- အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အာဆီယံ မဏ္ဍိုင် (၃) ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေအပါအဝင် ဝန်ကြီးဌာန စုစုပေါင်း ၂၇ ခုမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့။
Add new comment