အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်

         အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယ အကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဘန်ကောက်မြို့၌ ဇူလိုင်လ ၁၉ ရက်မှ ၂၀ ရက်အထိ Hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ကိစ္စရပ်တစ်ခုစီအလိုက် အဓိကတာဝန်ယူ ထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၄ ခုနှစ်တွင် အာဆီယံဒေသတွင်း စီးပွားရေးနှင့်    လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် AICHR-SEANF ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ ASEAN Environmental Rights Framework ရေးဆွဲနိုင်ရေး ကိစ္စရပ်များ၊ World Justice Project နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ SEANF ၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဖိုရမ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသွားရန် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ကနဦးသဘောတူညီ မှုရရှိခဲ့ပါသည်။

အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)

 

  • အစည်းအဝေးတွင် ဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ AICHR-SEANF ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် SEANF ၏ အကြိမ် (၂၀) မြောက် နှစ်ပတ် လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ဖိုရမ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသွားရန် လုပ်ငန်းအဖွဲ့အစည်း အဝေးတွင် ကနဦးသဘောတူညီမှုရရှိခဲ့။

 

 

Add new comment