မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်းနှင့်ရေစက်ချအခမ်းအနားများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

            ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော် တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၀ ရက်တွင် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်နေရာ စတင်ပန္နက်တော်တင်ခြင်း ဆောင်ရွက်ချိန်မှ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနား ကျင်းပပူဇော် မည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာနေ့) (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ) အထိဆိုလျှင် ရက်ပေါင်း ၁,၁၄၃ ရက် ကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များအားလုံးကို တာဝန်ရှိသူများ၊ စေတနာ ရှင်အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ အပြင်းထန်ဆုံးကာလနှင့် အခြားအခက် အခဲများကို ဖြတ်ကျော်၍ နေမအား ညမနား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့သောရလဒ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက် (ဒုတိယဝါဆို လပြည့်)တွင် ကျင်းပမည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်၊ သဲဖြူကုန်းတော်မြေတွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပခြင်းနှင့်အတူ ကမ္ဘာပေါ်၌ အလေးချိန်အများဆုံးနှင့် ဉာဏ်တော် အမြင့်ဆုံး အံ့မခန်းဖွယ်ရာ ကျောက်သားစစ်စစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တစ်ဆူကို မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာသာကို ကြည် ညိုလေးစားကိုးကွယ်ကြသည့် ကမ္ဘာနိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များ၊ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုဆိုင်ရာ တည်ဆောက် ရေး အသိပညာ အတတ်ပညာများကို လေ့လာလိုကြသည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ လေ့လာရေးသုတေသီများ၊ ဖူးမြော်ကြည်ညို ကုသိုလ် သဒ္ဓါပွားများခြင်းနှင့် လေ့လာခွင့်များရရှိလာမည်ဖြစ်ကြောင်း။
  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများအတွက် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း နှင့် ရေစက်သွန်းချ အမျှပေးဝေမှုမတိုင်မီ လှူဒါန်းရသော အလှူသည် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပေါ်ပေါက်လာရေးအတွက် ကနဦး လှူဒါန်းကြရသည့် ထူထောင်ကြသူ (Founder) များ ဖြစ်လာကြတော့မည် ဖြစ်ကြောင်း။
  • မြတ်ဗုဒ္ဓ၏ ဘာသာ၊ သာသနာ အကျိုးငှာ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများအဖြစ် ရက်ရောစွာ လှူဒါန်းမှု ပြုခဲ့ကြ၍ နိုင်ငံတော်အစိုးရ အဆက်ဆက်မှ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ဘာသာရေးနှင့် သာသနာရေးဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများအနက်မှ ပထမအကြိမ် ရှင်းလင်းပွဲ၌ မပါရှိသူများကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကမ္ဘာ့သာသနာ ဗုဒ္ဓစာကြည့်တိုက်အဖြစ် တည်ရှိနေမည့် ကျောက်စာရုံစေတီတော်များ အပါ အဝင် ဗုဒ္ဓဥယျာဉ်အတွင်းရှိ သာသနိကအဆောက်အဦများ ဖြစ်ပေါ်လာမှု အဆင့်ဆင့်တို့အား ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်နှင့် ကြည်ညိုသဒ္ဒါပွားများ နိုင်စေရေးအလို့ငှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (တနင်္ဂနွေနေ့)တွင် တတိယအကြိမ် ရှင်းလင်းပြ သပေးမည်ဖြစ်ကြောင်း။
  • ဆင်းတုတော်ဉာဏ်တော် အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေနှင့် ဆင်းတုတော်အလေးချိန် ၁,၇၈၂ တန်၊ ပလ္လင် တော်အလေးချိန် ၃,၅၁၀ တန် စုစုပေါင်း ၅,၂၉၂ တန်ရှိသည့် ရတနာပုံခေတ် ဘူမိဖဿပုံစံ ထုဆစ်ထားတော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး ကြီးမားသောရည်ရွယ်ချက်ကောင်းများဖြင့် ကမ္ဘာ့သာသနာ့ဗုဒ္ဓစာ ကြည့်တိုက်အဖြစ် ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူနိုင်ရေးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် သာသနိကအဆောက် အဦများ ရေစက်ချကုသိုလ်တော်မင်္ဂလာအခမ်းအနားများ နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ဦးစီးကော်မတီနှင့် ဆပ် ကော်မတီ ၉ ခု ဖွဲ့စည်းပေးခဲ့ကြောင်း။
  • အခမ်းအနားကျင်းပမည့် ရက်အချိန်နီးကပ်သည့်အတွက် ဆပ်ကော်မတီများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှု များ၊ ဗဟိုကော်မတီမှပံ့ပိုးပေးရန်လိုအပ်မှု၊ ဆပ်ကော်မတီအလိုက် ဇာတ်တိုက် လေ့ကျင့်မှုများကို နေ့၊ည အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
  • မင်္ဂလာအခမ်းအနားကျင်းပရာတွင် ပြည်ပနိုင်ငံများမှ ကြွရောက်တော်မူလာ ကြမည့် ဆရာတော်ကြီးများ၊ ပြည်တွင်းထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနအလိုက်တာဝန်ရှိသူများ၊ အလှူရှင်များအပါအဝင် အခမ်းအနား သို့ ကြွရောက်လာကြမည့် သံဃာတော်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအခမ်းအနားစတင်ကျင်းပချိန်မှ ပြီးဆုံးချိန်အထိ အခမ်းအနားများ အလိုက် စိတ်နှလုံးရွှင်လန်းအေးချမ်းစွာဖြင့် ကုသိုလ်ပွားများနိုင်ရန်အတွက် လှူဒါန်းရမှု၏ ပီတိသောမနဿစိတ်ဖြင့် အာရုံပြုနိုင်ရေး ဆပ်ကော်မတီများ အလိုက် လုပ်ငန်းတာဝန်များကို အသေးစိတ် စီမံဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်အထိ ဘုရားဖူးပြည်သူများ အားလုံးကို မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက်ဖူးမြော် ကြည် ညို ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အခမ်းအနားများ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)

 

  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသ နိကအဆောက်အဦများအတွက် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းနှင့် ရေစက် သွန်းချ အမျှပေးဝေမှုမတိုင်မီ လှူဒါန်းရသောအလှူသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပေါ်ပေါက်လာရေးအတွက် ကနဦး လှူဒါန်းကြရသည့် ထူထောင်ကြသူ (Founder) များ ဖြစ်လာကြတော့မည်ဖြစ်။
  • အခမ်းအနားကျင်းပမည့် ရက်အချိန်နီးကပ်သည့်အတွက် ဆပ်ကော်မတီများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိမှု များ၊ ဗဟိုကော်မတီမှပံ့ပိုးပေးရန်လိုအပ်မှု၊ ဆပ်ကော်မတီအလိုက် ဇာတ်တိုက် လေ့ကျင့်မှုများကို နေ့၊ည အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်။
  • မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်အထိ ဘုရားဖူးပြည်သူများ အားလုံးကို မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ဝင်ရောက်ဖူးမြော် ကြည်ညို ခွင့်ပြုမည်ဖြစ်။

Add new comment