KKO (ခွဲထွက်)အဖွဲ့နှင့် PDF အအကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

           KKO ခွဲထွက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက်တွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃,၀၀၀ ခန့်အကွာမှ မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်တွင် တစ်လုံး၊ အမှတ် ၂ ရပ်ကွက်တွင် တစ်လုံးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားနှစ်ဦး၊ အမျိုးသမီး သုံးဦးတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဗုံးသီးများကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက် ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်၊။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ အကြမ်း ဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၇-၂၀၂၃)

 

  •  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment