နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိ

          မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်ငွေပေးချေမှု (Digital Payment) ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင်ရွက်မှု Platform များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊ လုံခြုံစိတ်ချရသည့် Digital Payment စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများ ပြည်သူကြား ငွေသားကိုင်ဆောင်အသုံးပြုမှုများကို လျှော့ချနိုင်စေရန် ဆောင်ရွက်လျက် ရှိပါသည်။

ထို့ပြင် ဘဏ်နှင့်ပြည်သူများအကြား Digital နည်းလမ်းဖြင့် လက်လီငွေပေးချေမှု အားကောင်းလာစေရန် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း စနစ်တကျစိစစ်၍ ခွင့်ပြုဆောင်ရွက်စေလျက်ရှိပြီး အမျိုးသား ငွေပေးချေမှုမဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပါ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင် စေရေးအတွက် နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီး ညှိနှိုင်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၇-၂၀၂၃)

 

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်ငွေပေးချေမှု (Digital Payment) ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင်ရွက်မှု Platform များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊ လုံခြုံစိတ်ချရသည့် Digital Payment စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများ ပြည်သူကြား ငွေသားကိုင်ဆောင်အသုံးပြုမှုများကို လျှော့ချနိုင်စေရန် ဆောင်ရွက် လျက်ရှိ။

Add new comment