ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
- မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ခန့်အပ် တာဝန်ပေးထားသည့် တပ်မတော်မှအရာရှိကြီးများသည် ဇူလိုင်လ ၁၂ ရက်မှ ၁၈ ရက်အထိ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်တော်မြို့များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့၌ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ပေးနေမှု၊ ဒေသခံပြည်သူများ၏ လယ်မြေ၌ မိုးစပါးစိုက်ပျိုးရန် စုပေါင်းထွန်ယက် နေမှု၊ လျှပ်စစ်မီးများ ဆက်လက်ဖြန့်ဖြူးရေးဆောင်ရွက်နေမှု၊ MEC မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိ တက်တို့မှ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ၊ နယ်မြေခံ တပ်များက အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ပြည်သူများသို့ ဈေးနှုန်းချိုသာ စွာရောင်းချပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
- အဆိုပါ မြို့များသို့ ရောက်ရှိနေသော တပ်မတော်မှအရာရှိကြီးများသည် မုန်တိုင်း သင့်ဘုန်းတော်ကြီးကျောင်းများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာ များ၊ အလှူငွေများ၊ ဆေးဝါးများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ ကျောင်းသုံး ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့။
- ဇူလိုင်လ ၁၃ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် အဖွဲ့သည် စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေ ကျေးရွာသို့ ဆက်သွယ်ထားသော အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသံပေါင် သစ်သားကြမ်းခင်းတံတား ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
- ဇူလိုင်လ ၁၄ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဒုံးပြင်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ မုန်တိုင်းသင့်ဒေသခံပြည်သူများနှင့် ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီ များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေး နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေး အပ်ခဲ့။
- ဇူလိုင်လ ၁၇ ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက် ခဲ့ရာ ဆိပ်ခံချဉ်းကပ်တံတား ပြန်လည်တည်ဆောက်ရန်နှင့် ကမ်းပြိုထိန်းသိမ်း ခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများ၊ ပျက်စီးခဲ့သည့်ဌာနဆိုင်ရာအဆောက် အဦများ ပြန်လည်ပြင်ဆင်နေမှု၊ စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူ များဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထွန်ယက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
ထိုသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉ -၇-၂၀၂၃)
- ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခံခဲ့ရသည့်ဒေသများသို့ တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ။
- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များသည် မင်းပြားမြို့နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့။
Add new comment